Our Testimonials

ငွေကျပ်သိန်း (၁၇၀) အာမခံလျော်ကြေးပေးအပ်ခြင်း

စက်တင်ဘာလ (၂၁) ရက်နေ့တွင် ကာကွယ်ပါအာမခံနှင့် လက်တွဲပြီး အာမခံထားထားတဲ့ Logistic ကုမ္ပဏီတစ်ခု အတွက် ကားအာမခံ လျော်ကြေးငွေကျပ်သိန်း (၁၇၀) ကို သွားရောက်ပေးအပ်ခဲ့ပါတယ်။ ကာကွယ်ပါအနေဖြင့်လည်း အာမခံ Claim ကိစ္စကို အဆင်ပြေလျှင်မြန်စွာဝန်ဆောင်မှုပေးနိုင်ခဲ့တဲ့အတွက်အထူး ဝမ်းမြှောက်ဂုဏ်ယူပါတယ်။

အာမခံလျော်ကြေးငွေပေးအပ်ခြင်း

ဇွန်လ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ YBS နံပါတ် ၆ မှ လမ်းဘေးမှာ ရပ်ထားတဲ့ Taxi (၂) စီးကို ပွတ်တိုက်မိတဲ့ ဖြစ်ရပ်အတွက် အာမခံလျော်ကြေးငွေ ၃,၇၅၀,၀၀၀ ကျပ်တိတိကို ပေးအပ်ခဲ့ပါတယ်။ အခုလို အစစအရာအရာ ဈေးတက်နေတဲ့အချိန်မှာ ကား (၂) စီးကို မတော်တဆ ပွတ်တိုက်မိခဲ့ပေမဲ့လည်း ငွေရေးကြေးရေးအကာအကွယ်ရခဲ့တာက ကားအာမခံထားခဲ့တာကြောင့်ပဲဖြစ်ပါတယ်။

24.4.2026 ရက်နေ့၊ ညနေ ၆း၀၀ ခန့်က မြောက်ဥက္ကလာပ၊ ပင်လုံ City Mall တွင်ကားနောက်ဆုတ်ရင်း နောက်ရှိအုတ်ခုံနှင့်မတော်တဆ တိုက်မိပြီးဘန်ဘာအနည်းငယ်ပျက်စီးမှုဖြစ်ခဲ့ပါသည်။ ကာကွယ်ပါ Claim Team မှ လျော်ကြေးငွေရသည်အထိ အစအဆုံး တာဝန်ယူဆောင်ရွက်ခဲ့ပြီး လျော်ကြေးငွေ ၂၀၀၀၀၀ ကျပ် ရရှိခဲ့သော Claim Case ဖြစ်ပါသည်။

29.3.2023 ရက်နေ့ ပုဇွန်တောင်၊လိပ်ကန်လမ်းတွင်ကားညအိပ်ထားရင်း လေကာမှန်ပေါ် သရက်သီးပြုတ်ကျ၊ဘက်မှန်အခိုးခံရ ခဲ့ပါသည်။ ကာကွယ်ပါမှ Claim Form တင်သည့် အဆင့်မှ လျော်ကြေးငွေရသည့်အထိ တာဝန်ယူဆောင်ရွက်ပေးခဲ့ပါသည်။ လျော်ကြေးငွေ ၁၁သိန်းကျော်ရရှိခဲ့ပါသည်။

ဦးဟိန်းထက်မောင်းနှင်လာသောယာဥ်သည် ရွှေပေါက်ကံ လမ်းမကြီးအတိုင်းမောင်းနှင်လာစဥ် (၁၅)ရပ်ကွက်နားအရောက်တွင် ဖြတ်လာသောခွေးအားတိုက်မိ၍ ရှေ့ဘန်ပါ ပိန်ချိုင့်ပျက်စီးမှုဖြစ်ပွားခဲ့ပါသည်။ ဆေးဘော်ဒီအပြီး အစီး ၁၂၀၀၀၀ ကျပ်ဖြင့် အာမခံ Authorized Workshop တွင် ပြင်ဆင်ခဲ့ပါသည်။

မန္တလေး မှ ရန်ကုန် သို့အပြန် ၂၂၄ မိုင်၁ဖာလုံ နှင့် ၂ဖာလုံ ကြား ကားမောင်းနှင်နေစဥ် ခွေးဖြတ်ဝင် သဖြင့် တိုက်မိပီး ရှေ့ဘန်ဘာ ပျက်စီးမှု ဖြစ်ပွားခဲ့ပါသည်။ အခင်းဖြစ်ပွားရာနေရာတွင် ဓာတ်ပုံရိုက်ပြီး ကာကွယ်ပါ Claim Team ထံပို့ထားခဲ့သည့်အတွက် ရန်ကုန်ပြန်ရောက်ပြီး နောက်တစ်ရက်တွင် Insurance Authorized Workshop တွင် ကားထိုးနိုင်ရန် စာရွက်စာတမ်းများပြင်ဆင်ခြင်းမှ အာမခံကားပြင်ဆင်ခွင့်ကျသည်အထိ အစ အဆုံး ဆောင်ရွက်နိုင်ခဲ့ပါသည်။

အာမခံယာဥ်သည် 27-03-2024 10 နာရီ အချိန် တောင်ဒဂုံ သိမ်ကျောင်း Gas ဆိုင် အဆင်းတွင် နောက်မှ တိုက်မိပီး ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပါသည်။ အာမခံယာဉ်၏ပျက်စီးမှုအတွက် လျော်ကြေး ၆၅၀၀၀၀ ကျပ် နှင့် တစ်ဖက် Taxi အတွက် ၇၀၀၀၀၀ ကျပ် လျော်ကြေးရရှိအောင် ကာကွယ်ပါမှ ကူညီဆောင်ရွက်ပေးခဲ့ပါသည်။

၂၉.၄.၂၀၂၄ ရက်နေ့ မနက် ၁၁း၀၀ နာရီ အချိန်တွင် တောင်ဥက္ကလာပ မြို့နယ် ၊ ရတနာလမ်း နှင့် ဝေဇယန္တာလမ်း မီးပွိုင့် တွင် ယာဥ်မောင်း ဦးမိုးဝင်းမောင်းနှင်သော ယာဥ်မှ ယာဥ်မောင်း ဦးစိုးသန်း မောင်းနှင်သော (CHEVROLET CAPTIVA) အားမတော်တဆပွတ်တိုက်မှုဖြစ်ပွားခဲ့သော‌ကြောင့် အချက်ပြမီးနှင့် ဆေးဘော်ဒီထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပါသည်။ Claim အတွက် လျော်ကြေးငွေ ၉၅၀၀၀၀ ကျပ် ရရှိခဲ့ပါသည်။

အာမခံယာဉ်သည် ၂၉.၄.၂၀၂၄ ည၈နာရီလှိုင်သာယာအောက်ထိပ်မှတ်တိုင်နှင့် ဘုရားလမ်းမှတ်တိုင်ကြား ဆိုင်တစ်ဆိုင်တွင် customer နဲ့ Appointment တွေ့နေချိန် ဘတ်မှန်ခိုးခံလိုက်ရပါသည်။ လိုအပ်သည့် ရဲထောက်ခံစာ၊ Claim Form များအား ကာကွယ်ပါမှ ရရှိအောင်ဆောင်ရွက်ပေးခဲ့ပြီး လျော်ကြေးငွေ ၂၂၈၀၀၀ ကျပ် ရရှိခဲ့ပါသည်။

မရမ်းကုန်းမြို့နယ် ၊ ကမ္ဘာအေးဘုရားလမ်း ၊ ဂမုန်းပွင့်ကုန်တိုက် ရှေ့တွင်မောင်းနှင်နေစဥ်လက်ယာဘက်ယာဥ်ကြောတွင်ရပ်နားထားသော ယာဥ်(၂) စီးအား ၊ တိုက်မိခဲ့ပါသည်။ Claim ဖြစ်ပွားရာနေရာသို့ ကာကွယ်ပါ Claim Team မှ သွားရောက်ခဲ့ပြီး တစ်ဖက်ယာဉ်များနှင့် အာမခံယာဉ်တို့ အကြားပြေလည်အောင် ကြားဝင်ဖြေရှင်းခဲ့ပါသည်။ Claim တစ်ခုလုံးအတွက် ၄၅ သိန်း တိတိလျော်ကြေးရခဲ့ပါသည်။

၈.၇.၂၀၂၄ တွင် အိမ်အောက်၌ရပ်ထား စဉ် ကားဘီးအားဓားဖြင့် ခွဲမှုဖြစ်ပွားခဲ့ ပါသည်။ မသမာသူမှ ဖျက်စီးသည့်အမှုဖြစ်သဖြင့် SRCC အကာအကွယ်အရ လျော်ကြေးငွေ ၄၄၀၀၀ ကျပ် ရရှိခဲ့ပါသည်။ လိုအပ်သည့် ရဲထောက်ခံစာ၊ Cliam Form နှင့် ပြင်ဆင်ခွင့်ကျသည်အထိ ကာကွယ်ပါမှ ဆောင်ရွက်ပေးခဲ့ပါသည်။

ကိုအောင်သူမျိုး မောင်းနှင်လာသော ယာဥ်သည် ဦးဖိုးသင်းလမ်းအတိုင်း မောင်းနှင်လာစဥ် လမ်းသွယ် ထဲမှဆိုင်ကယ်ထွက်လာပီး ရှောင်တိမ်းလိုက်ရာသစ်ပင်ဖြင့်တိုက်မိပြီး ပျက်စီးမှု ဖြစ်ပွားခဲ့ပါသည်။ အခင်းဖြစ်ပွားရာနေရာသို့ ကာကွယ်ပါ Claim Team မှ အရောက်သွားခဲ့ပြီး လျော်ကြေးငွေ ၅၄၁၄၀၀ ကျပ် ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

ကိုဖြိုးဝေဌေးမောင်းနှင်လာသော ယာဥ်သည် မြောက်ဒဂုံ ၊ ကြေးမုံလမ်း အတိုင်း မောင်းနှင်လာစဉ် လမ်းအကွေ့တွင် အုတ်ခုံဖြင့် တိုက်မိပီးရှေ့ ဘယ်ဘက်ဘန်ဘာထိခိုက်မှု ဖြစ်ပွား ခဲ့ပါသည်။ ကာကွယ်ပါမှ လိုအပ်သည့် စာရွက်စာတမ်းများပြင်ဆင်ပေးခဲ့ပြီး လျော်ကြေးငွေ ၄၀၀၀၀၀ ကျပ် တိတိ ရရှိအောင် ဆောင်ရွက်ပေးခဲ့ပါသည်။

တောင်ဒဂုံ ၊ ၁၈ကွေ့ ၊ စည်ပင်လမ်းတွင် ကိုကျော်မျိုးအောင် မောင်းနှင်သောအာမခံယာဥ်သည် လမ်းမကြီးအတိုင်းမောင်းနှင်စဥ် ကိုသိန်းထိုက်မောင်းနှင်လာသောယာဥ် အားမတော်တဆ တိုက်မိမှုဖြစ်ပွားခဲ့ပါသည်။ ကားနှစ်စီးလုံးအတွက် လျော်ကြေးငွေ သိန်း ၃၀ ရရှိခဲ့ပြီး အာမခံယာဉ်အတွက် လိုအပ်သည့် ကြေအေးစာရွက်စာတမ်းများ၊ ထောက်ခံစာများ၊ Form များအား ကာကွယ်ပါမှ ဆောင်ရွက်ပေးခဲ့ပါသည်။

ကိုမင်းခန့်ကျော် မောင်းနှင်လာသော အာမခံမော်တော်ယာဥ် သည် ‌ဒေါ် သိန်းတင်လမ်းအတိုင်း မောင်းနှင်လာစဥ် Max ဆီဆိုင်ရှေ့အ‌ရောက်တွင် ဦးရဲထွန်းအောင် မောင်းနှင်လာသောယာဥ် မှ ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ ပါသည်။ တစ်ဖက်ယာဉ်မှ လျော်ကြေးနှင့် လိုအပ်သည့် ပမာဏအား အာမခံမှ စိုက်ထုတ်ကုန်ကျခဲ့ပြီး အာမခံယာဉ်အား ကောင်းမွန်သည်အထိ ပြင်ဆင်ပေးခဲ့ပါသည်။

၈.၁၀.၂၀၂၄ ရက်နေ့ ၅ နာရီအချိန် ခန့်တွင်အာမခံယာဉ် သည် စမ်းချောင်းမြို့နယ် ဗဟိုလမ်း IVY ကျောင်း ရှေ့ ၌ နောက်ဆုတ်စဉ် Suzuki Swift ယာဉ် အားမတော်တဆ တိုက်မိမှု ဖြစ်ပွားခဲ့ပါသည်။ တစ်ဖက်ကားမှ လျော်ကြေးတောင်းခံခြင်းမရှိဘဲ အာမခံယာဉ်အတွက်သာ လျော်ကြေးတောင်းခံခဲ့ပြီး လျော်ကြေးငွေ ၃၅၀၀၀၀ ကျပ် ရရှိခဲ့ပါသည်။

9/10/2024 ရက်နေ့ 1 နာရီအချိန်ခန့် အာမခံယာဥ် သည် တောင်ဥက္ကလာပမြို့နယ် အင်းဝ ၁၉ လမ်း သို့ အဝင်တွင်လမ်းထဲမှာ ရုတ်တရက်ထွက် လာသောသုံးဘီးဖြင့် မတော်တဆ ချိတ်မိ ၍ ထိခိုက်မှု ဖြစ်ပွားခဲ့ပါ သည်။ လိုအပ်သော စာရွက်စာတမ်းများနှင့်လျော်ကြေးငွေကိစ္စများကို ကျွန်တော်တို့ကာကွယ်ပါမှဆောင်ရွက်ပေးခဲ့ပြီး လျော်ကြေးငွေ ၅၂၀၀၀၀ ရရှိခဲ့ပါသည်။

9/10/2024 ရက်နေ့ ညနေ ၆နာရီအချိန်ခန့် အာမခံယာဉ် သည် ဉီးထောင်ဘိုအဝိုင်းတွင် ဉီးစားပေးလမ်းမှ ယာဉ်အားမတော်တဆ တိုက်မိမှုဖြစ်ပွားခဲ့ပါသည်။ ကျွန်တော်တို့ကာကွယ်ပါမှအရောက်သွားခဲ့ပြီးတစ်ဖက်ကားနှင့်လျော်ကြေးကိစ္စများညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ အာမခံယာဉ်နှင့် တစ်ဖက်ကားအတွက် လျော်ကြေး ၁၀သိန်း ရရှိခဲ့ပါသည်။

26/11/2024 ရက်နေ့ မနက် ၈နာရီအချိန်ခန့် အာမခံယာဉ် သည် ကမ္ဘာအေးလမ်းအတိုင်း လမ်းထဲသို့အဝင်တစ်ဖက်ကားမှကျော် တက်ပီးတိုက်မိမှု ဖြစ်ပွားခဲ့ပါသည်။ Claim အကြောင်းကြားချိန်မှစ၍ မြေပြင်စစ်ဆေးခြင်းများအပြင် လျော်ကြေး ၃၀၀၀၀၀ ကျပ် ရသည်အထိ ကာကွယ်ပါမှ ဆောင်ရွက်ပေးခဲ့ပါသည်။

အနော်ရထာ လမ်း ၊ (၆)ရပ်ကွက် ၊ လမ်းမတော်မြို့နယ် ၌ ကားရပ်နားထားစ၌ ကားဘေး ခြစ်ရာများနှင့် မှန်ဒေါင့်မှ အဖုံးအခိုးခံရမှုဖြစ်ပွားခဲ့ပါသည်။ ကာကွယ်ပါသို့ အကြောင်းကြားချိန်မှ လျော်ကြေးရသည်အထိ လိုအပ်သည့် ယာဉ်မှုစစ်ထောက်ခံစာတောင်းခြင်း၊ Claim Formဖြည့်ခြင်းများအပြင် လျော်ကြေးငွေရသည်အထိ ကာကွယ်ပါမှ ဆောင်ရွက်ပေးခဲ့ပြီး လျော်ကြေးငွေ ၆၇၀၈၀၀ ကျပ် ရရှိခဲ့ပါသည်။

ပြည်ထောင်စုလမ်းမကြီးပေါ် ပုလဲရတနာလမ်းမကြီး မီးပွိုင့်တွင် YBS (6) နှင့် YBS (25) တို့ တိုက်မိမှုဖြစ်ပွားခဲ့ပြီး Knock For Knock Agreement ဖြင့် ဆောင်ရွက်ခဲ့ပါသည်။ မိမိတို့ အာမခံယာဉ်အတွက် ၆၅၀၀၀၀ ကျပ် လျော်ကြေးရရှိခဲ့ပါသည်။

အိမ်ရှေ့ ၌ ရပ်နားထားစဉ် နောက်မှန်ပေါ်သို့ ခဲပြူတ်ကျ၍ နောက်မှန်ကွဲမှု ဖြစ်ပွားခဲ့ပါသည်။ ယခုလို မတော်တဆမှုများအတွက် ကာကွယ်ပါမှ လျော်ကြေးငွေရရှိရန် လုပ်ငန်းစဉ်များအားလုံးကို ဆောင်ရွက်ခဲ့ပြီး လျော်ကြေးငွေ ၇၉၀၀၀၀ ကျပ် ကို ရရှိအောင် ဆောင်ရွက်ပေးခဲ့ပါသည်။

အာမခံယာဉ် သည် လှည်းတန်းစင်တာမှ အထွက်တွင် တစ်ဖက်ယာဉ်နှင့် တိုက်မိပီး ရှေ့ဘန်ဘာနှင့် မီးသီး ထိခိုက်မှု ဖြစ်ပွားခဲ့ပါသည်။ လိုအပ်သည့် စာရွက်စာတမ်းများပြင်ဆင်ခြင်းအား ကာကွယ်ပါမှ ဆောင်ရွက်ပေးခဲ့ပြီး လျော်ကြေးငွေ ၁၁ သိန်း ကျပ် တိတိရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

YBS (42) အာမခံယာဉ်သည် မြောက်ဥက္ကလာပ အဝိုင်းမှ သုနန္ဒာမီးပွိုင့်သို့မောင်းနှင်လာစဉ် သစ်ကိုင်းဖြင့်တိုက်မိပီး လေကာမှန်ကွဲအက်မှုဖြစ်ပွားခဲ့ပါသည်။ လေကာမှန်တစ်ချပ်အတွက် အာမခံထားငွေ ၁၅၀၀၀၀ ကျပ် ဖြင့်ထားရှိခဲ့သည့်အတွက် ၁၅၀၀၀၀ ကျပ် တိတိအား လျော်ကြေးငွေ ပြန်လည်ရရှိခဲ့ပါသည်။

36St အလယ်ဘလောက်တွင် ရပ်နားထားစဉ် ရှေ့လေကာမှန်ထောင့်မှအဖုံးနှင့် Toyota တံဆိပ်တို့ ခိုးခံရမှုဖြစ်ပွားခဲ့ပါသည်။ ခိုးမှုဖြစ်သည့်အတွက် ယာဉ်မှုစစ်ထောက်ခံစာကဲ့သို့ လိုအပ်သော စာရွက်စာတမ်းများအား ကာကွယ်ပါမှ ရရှိအောင်ဆောင်ရွက်ပေးခဲ့ပြီး လျော်ကြေးငွေ ၁၀၀၀၀၀ ကျပ် တိတိရရှိအောင် ဆောင်ရွက်ပေးခဲ့ပါသည်။

အာမခံယာဉ်သည် ပါရမီလမ်းအတိုင်းမောင်းနှင်လာစဉ် Inno City မှထွက်လာသောယာဉ်အားအရှိန်မထိန်းနိုင် ဘဲတိုက်မိမှုဖြစ်ပွားခဲ့ပါသည်။ တစ်ဖက်ယာဉ် နှင့် အာမခံယာဉ်၏ ပြင်ဆင်မှုအတွက် ကာကွယ်ပါမှ အဆင်ပြေအောင် ကြားဝင်ဆောင်ရွက်ခဲ့ပြီး လျော်ကြေးငွေ ၄၇ သိန်း ရရှိအောင် ဆောင်ရွက်ခဲ့ပါသည်။

သန်လျင် ကျောက်တန်းလမ်းမပေါ်တွင်ရှေ့မှ Taxiအားကျော်တက်ရာမှ အရှိန်မထိန်းနိုင်ဘဲ တိုက်မိမှုဖြစ်ပွားခဲ့ပါသည်။ကာကွယ်ပါမှ ဖြေရှင်းဆောင်ရွက်ပေးခဲ့ရာ တစ်ဖက်ကားTaxi နှင့် အာမခံကား၏ ထိခိုက်ပျက်စီးမှုအတွက် စုစုပေါင်းလျော်ကြေးငွေ ၁၁ သိန်း ရရှိခဲ့ပါသည်။

YBS (6) အာမခံယာဉ်သည် တောင်ဉက္ကလာပမြို့နယ် ၊ ရတနာလမ်းမီးပွိုင့် တွင် ရှေ့မှ မောင်းနှင်လာသော ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ တိုက်မိမှု ဖြစ်ပွားခဲ့ပါသည်။ တစ်ဖက်ကားအတွက်လျော်ကြေးငွေ ၃၀၀၀၀ ကျပ်နှင့် အာမခံယာဉ်အတွက် လျော်ကြေးငွေ ၂၂၀၀၀၀ ကျပ် ရရှိပါသည်။ အာမခံယာဉ်မှာ Nil Excess မဝယ်ထားသောကြောင့် ၁သိန်းနှုတ်ဖြတ်ခံရပါသည်။

စမ်းချောင်းမြို့နယ် ငှက်ပျောတောလမ်း ၌ ရပ်နားထားစဉ် Toyota တံဆိပ် နှင့် မှန်ဒေါင့်မှ အဖုံးတို့ အခိုးခံရမှုဖြစ်ပွားခဲ့ပါသည်။ကာကွယ်ပါမှ Claim Report တင်ပေးခြင်း၊ ရဲစခန်းထောက်ခံစာတောင်းပေးခြင်းများကို Customer ကိုယ်စားဆောင်ရွက်ပေးပြီး လျော်ကြေးငွေ ၁၈၅၀၀၀ ပြန်ရသည့်အထိအစအဆုံးဆောင်ရွက်ပေးခဲ့ပါသည်။

2/5/2025 ရက်နေ့ ၃နာရီ ဝန်းကျင် လှိုင်သာယာလမ်းကြောင်း ပစ္စည်းပို့မောင်းနှင်လာစဉ် ကားမှန်ပေါ်သို့ သရက်သီးကြွေ ကျပြီး မှန်ကွဲအက်မှု ဖြစ်ပွားခဲ့ပါသည်။ ကာကွယ်ပါမှ Claim လက်ခံရရှိသည်နှင့်တစ်ပြိုင်တည်း လိုအပ်သော စာရွက်စာတမ်းများကို ပြည့်စုံအောင်ဆောင်ရွက်ပေးခဲ့ရာ လျော်ကြေးငွေ ၃၀၀၀၀၀ ရရှိခဲ့ပါသည်။

ဆိပ်ကမ်းသာလမ်း ထိပ်၌ရပ်နားထားစဉ် ကားနောက်ဖက်မီးတန်းနှင့် နံပါတ်ပြားတို့ ခိုးခံရမှုဖြစ်ပွားခဲ့ပါသည်။ ထိုဖြစ်စဉ်တွင်လိုအပ်သောစာရွက်စာတမ်းများ၊ ရဲစခန်းကိစ္စရပ်များကို Customer ကိုယ်စား ကာကွယ်ပါမှဆောင်ရွက်ပေးခဲ့ပါသည်။ လျော်ကြေးငွေ ၁၅၀၀၀၀၀ ရရှိခဲ့ပါသည်။

စက်ဆန်းမှတ်တိုင် မှ ပုဇွန်တောင်ဘက်အသွား အ‌ရှေ့မှယာဉ်အားအရှိန်မထိန်းနိုင်ဘဲ တိုက်မိမှုဖြစ်ပွားခဲ့ပါသည်။ ကာကွယ်ပါမှလက်ခံရရှိသည်နှင့် Claim ဖြစ်ရာနေရာကို ချက်ချင်းသွားရောက်ပြီး တစ်ဖက်ယာဉ်နှင့် မိမိတို့အာမခံယာဉ်အတွက်ပြင်ဆင်မှုကုန်ကျစရိတ်ကိုညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးလျော်ကြေးငွေ၁၁သိန်းရရှိခဲ့ပါသည်။

ပဲခူးတိုင်း နတ်တလင်းမြို့နယ် လယ်ယာသုံးပစ္စည်းအရောင်းဆိုင်ရှေ့တွင်ရပ်နားထားစဉ် ဆိုင်ကယ်မှမတော်တဆတိုက်မိပြီး ဘက်မှန်ထိခိုက်မှုဖြစ်ပွားခဲ့ပါသည်။ ကာကွယ်ပါမှ လိုအပ်သောစာရွက်စာတမ်းများလုပ်ဆောင်ပေးခဲ့ရာလျော်ကြေးငွေ ၂ သိန်းရရှိခဲ့ပါသည်။

တောင်ဒဂုံ ၈/၉ ဂိတ်တွင် အနောက် သို့ ဆုတ်လိုက်ရာ အနောက်မှ သစ်ပင်ဖြင့်တိုက်မိပြီး ထိခိုက်မှုဖြစ်ပွားခဲ့ပါသည်။ ကာကွယ်ပါကိုချက်ချင်းအကြောင်းကြားသဖြင့် Customer ကိုယ်စား Claim report တင်ခြင်း၊ ပြင်ဆင်စရိတ်များတင်ခြင်း၊ လျော်ကြေးငွေတောင်းခံခြင်းများ ဆောင်ရွက်ပေးခဲ့ရာ ၁၀ သိန်းလျော်ကြေးရရှိခဲ့ပါသည်။

Customer သည် လမ်းထိပ်တွင် ကားညအိပ်ရပ်ထားစဉ် ကားအားတစ်စုံတစ်ဦးမှ ပြုလုပ်ဖျက်စီးမှုဟုယူဆကာ ကားရှေ့ဘောနပ်ဖုံးဆေးကွာသွားသည်ကိုတွေ့ရပါသည်။ ထောက်ခံစာတောင်းခံခြင်း၊ Insurance company အားReport တင်ခြင်းများကို ကာကွယ်ပါမှ လုပ်ဆောင်ပေးခဲ့ပြီး လျော်ကြေး၂၅၀၀၀၀ ပြန်လည်ရရှိခဲ့ပါသည်။

နေပြည်တော် -ရန်ကုန် အမြန်လမ်းတွင် မောင်းနှင်နေစဉ် ခဲစင်ပြီး လေကာမှန်အက် ထိခိုက်မှု ဖြစ်ပွားခဲ့ပါသည်။ Customer မှဖြစ်ဖြစ်ချင်း မှတ်တမ်းယူပြီး အကြောင်းကြားခဲ့ရာ ရန်ကုန်ရောက်သည်နှင့်သွားရောက်စစ်ဆေးပြီး လျော်ကြေးရရှိအောင်ဆောင်ရွက်ပေးခဲ့ရာ လေကာမှန်တန်ဖိုး ၃၆၀၀၀၀ ရရှိခဲ့ပါသည်။

8 မိုင် လမ်းဆုံအကျော်တွင် စစ်တပ်မှကားထွက်လာစဉ်အာမခံယာ ရုတ်တရက် ဘရိတ်အုပ်လိုက်ရာမှ နောက်တွင် ရှိသော YBS 103 ယာဉ်မှ အာမခံယာဉ်အားအရှိန်မထိန်းနိုင်ပဲ တိုက်မိမှု ဖြစ်ပွားခဲ့ပါသည်။ဖြစ်စဉ်တွင်တစ်ဖက်ယာဉ်အမှားဖြစ်သောကြောင့် လျော်ကြေးငွေတောင်းခံခြင်းဆောင်ရွက်ရာ ၁၅ သိန်းတိတိ ပြန်လည်ရရှိခဲ့ပါသည်။

အမှတ် (၃၀) သစ္စာလမ်း ,၆ ရပ်ကွက် ,တောင်ဥက္ကလာပမြို့နယ်၊ ရုံးရှေ့တွင် ကားရပ်ထားစဉ် Battery အခိုးခံရမှု ဖြစိပွားခဲ့သည်။ ခိုးမှုဖြစ်သောကြောင့် ရဲစခန်းထောက်ခံချက်လိုအပ်သဖြင့် ရဲထောက်ရရှိအောင် ကာကွယ်ပါမှ ဆောင်ရွက်ပေးခဲ့ပြီးနောက် Battery အိုးအတွက်လျော်ကြေး ၄၄၀၀၀၀ ပြန်လည်ရရှိခဲ့ပါသည်။

အမှတ် ၁၀,တက္ကသိုလ်ရိပ်သာလမ်း,ဗဟန်းမြို့နယ်တွင်နေ့လည် ၁နာရီ ခွဲအချိန်တွင် ကားနောက်ဆုတ်စဉ် တဖက်ယာဉ်နှင့် ထိမိပီး ကားနောက်ဖုံးပိန်ချိုင့်သွားကြောင်းပြောပါသည်။ ပြန်လည်ပြင်ဆင်မှုအတွက် လိုအပ်သော စာရွက်စာတမ်းများ ဆောင်ရွက်ပေးခဲ့ရာ ကုန်ကျစရိတ် ၃၀၀၀၀၀ ရရှိခဲ့ပါသည်။

23.8.2025 ညနေ ၄း၃၀ အချိန်တွင် မြောက်ဥက္ကလာပမြို့နယ် နွယ်နီလမ်းတွင် မောင်းနှင်နေစဉ် တဖက်ယာဉ်မှ အနောက်မှ၀င်တိုက်မှု ဖြစ်ပွားခဲ့ပါသည်။ ဖြစ်စဉ်နေရာကို အရောက်သွားခဲ့ပြီး တစ်ဖက်ယာဉ်စီမှ မိမိတို့ကားပြင်ဆင်မှုကုန်ကျစရိတ်ကို ပြန်လည်တောင်းခံရာ ၁၅ သိန်းလျော်ကြေးပြန်လည်ရရှိခဲ့ပါသည်။

ကျောက်မြောင်းဘက်အလာကျောက်မြောင်းလမ်းထဲသို့ယာဘက်မှဘယ်ဘက်သို့အကွေ့ဘယ်ဘက်မှ YBS 95 ယာဉ်နှင့်ထိခိုက်မိခဲ့ပါသည်။ ကာကွယ်ပါ မှ တစ်ဖက်ကားနှင့်လျော်ကြေးကိစ္စညှိနှိုင်းမှုများ ဆောင်ရွက်ပေးခဲ့ရာ ပြင်ဆင်မှုအတွက် လျော်ကြေးငွေ ၃၀၀၀၀၀ ရရှိခဲ့ပါသည်။

အာမခံယာဉ်သည်မှော်ဘီမှရန်ကုန်သို့အလာ မှော်ဘီကားမှတ်တိုင်နားတွင် ခွေးအားတိုက်မိပီး ဘန်ဘာ၊ရေတိုင်ကီနှင့် အပူကွိုင်တို့ထိခိုက်မှုဖြစ်ပွားခဲ့ပါသည်။ ကာကွယ်ပါမှ Claim လက်ခံရရှိသည်နှင့် စစ်ဆေးမှုများဆောင်ရွက်ပြီး Claim တင်ပေးခြင်းကစ၍ လျော်ကြေးငွေလက်ထဲ‌ရောက်သည်အထိ ဆောင်ရွက်ပေးခဲ့ပြီး ၇၇၅၀၀၀ ရရှိခဲ့ပါသည်။

20/10/25 ရက်နေ့ မနက် ၇ နာရီ အချိန်တွင်ယာဉ်မောင်းကိုစိုးထက်မောင်းနှင်သောယာဉ်သည်တာမွေမှ ရန်ကင်းသို့အသွား အရှေ့မြင်းပြိုင်ကွင်းလမ်းအတိုင်း မောင်းနှင်လာပီးSuper Oneမီးပွိုင့်အကျော်တွင် အလယ်ကြောအတိုင်းမောင်းနှင်လာသောယာဉ် နှင့်ပွတ်တိုက်မိခြင်းဖြစ်သည်။ ကာကွယ်ပါမှ Customer ကိုယ်စားဆောင်ရွက်ပေးခဲ့ပြီး လျော်ကြေး ၆၅၀၀၀၀ ရရှိခဲ့ပါသည်။

17/11/25 ရက်နေ့တွင် လှိုင်မြို့နယ် ဗဟိုလမ်း အုတ်ကျင်းမီးပွိုင့်တွင်ရှေ့မှ ယာဉ်ကရုတ်တရက်ဘရိတ်အုပ်လိုက်ရာ အရှိန်မထိန်းနိုင်ဘဲတိုက်မိမှုဖြစ်ပွားခဲ့ပါသည်။ ကာကွယ်ပါမှ ဖြစ်စဉ်နေရာကို အရောက်သွားပြီး တစ်ဖက်ယာဉ်အား လျော်ကြေးပေးဆောင်ခြင်း၊မိမိတို့ယာဉ်အတွက်လျော်ကြေးတောင်းခံခြင်းများ တာဝန်ယူဆောင်ရွက်ပေးခဲ့ရာ ၂၁၅၅၀၀၀ လျော်ကြေးရရှိခဲ့ပါသည်။

31.11.2025 ရက်နေ့တွင် ကန်တော်ကြီးပန်းခြံနား ရပ်နားထားစဉ် ထိခိုက်မှုဖြစ်ပွားခဲ့သည်။ဖြစ်စဉ်တွင် ထိခိုက်မှုကို မသိလိုက်သောကြောင့် ရဲစခန်းထောက်ခံစာလိုအပ်သောကြောင့် ကာကွယ်ပါမှလိုက်လံဆောင်ရွက်ပေးခဲ့ပြီး လျော်ကြေးငွေ ၇၉၀၀၀၀ ရရှိသည်အထိဆောင်ရွက်ပေးခဲ့ပါသည်။

22.12.2025ရက်နေ့မနက် 10:00 ခန့်တွင် သင်္ကန်းကျွန်း စံပြစျေးမှ ငွေကြယ်ဖြူစားသောက်ဆိုင်အနီးရပ်နာထားစဉ် ဘေးတွဲမှ တိုက်မိမှူဖြစ်ပွားခဲ့ပါသည်။ အခင်းဖြစ်ရာနေရာသို့သွားရောက်ဖြေရှင်းပေးခဲ့ပြီး လိုအပ်သည်များကို Customer ကိုယ်စားဆောင်ရွက်ပေးခဲ့ပြီး ပြင်ဆင်မှုအတွက် ကုန်ကျစရိတ် ၁၂ သိန်းပြန်လည်ရှိခဲ့ပါသည်။

2.1.2026, နေ့လည် ၁ နာရီခန့်တွင် အာမခံယာဉ် သည် မင်္ဂလာဒုံလမ်းမပေါ် ဒညင်းကုန်းဈေးဘက်ခြမ်းတွင်ရပ်နားထားစဉ် ဘေးတွဲမှ တိုက်ပြီး မောင်းပြေးသွားခဲ့ပါသည်။ Customer မှ ဖြစ်စဉ် အား ၅ ရက်အကြာမှ Kar Kwal Par အားအကြောင်းကြားခဲ့သည့်အတွက် ရဲစခန်းထောက်ခံစာမှာ မရရှိနိုင်တော့သည့်အတွက် Young အာမခံမှ လျော်ကြေးငွေ ၄၉၀၀၀၀ ကျပ်သာ ပေးလျော်ခဲ့ပါသည်။

မာဃ(၈)လမ်းတွင် ယာဉ်နှစ်စီးရှောင်ရင်း ကျောက်တုံးအားတိုက်မိပြီး ရှေ့ဘန်ဘာ ဆေးပွန်းခဲ့သည်။ ဖြစ်စဉ်ကို အသေးစိတ်စစ်ဆေးပြီး Report တင်ပေးကား ကားပြန်လည်ပြင်ဆင်ခွင်ံရရန် Authorize Workshop များညွှန်းပေးခဲ့ရာ သွားရောက်ပြင်ဆင်ခဲ့ပြီး ပြင်ဆင်မှု ကုန်ကျစရိတ် ၄ သိန်းကို အာမခံမှ ပေးလျော်ခဲ့ပါသည်။

20.1.2026 ရက်နေ့ နေ့လည် 1:25 တွင် အရှေ့ဒဂုံ အင်းဝလမ်းမှမင်းရဲကျော်စွာလမ်မသို့မထွက်ခင် အင်းဝလမ်း‌ပေါ်ရှိ ချိုင့်ကိုရှောင်ရာမှ ဘေးကအုတ်ပုံနဲ့ဘန်ဘာငြိသွားခဲ့ပါသည်။ လိုအပ်သောစာရွက်စာတမ်းများ၊ Report တင်ခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီးကုန်ကျစရိတ် ၂၃၀၀၀၀ အလျော်ရခဲ့ပါသည်။

12.2.026 ရက်နေ့ နေ့လည် 3:40 ခန့် နာနတ်တောလမ်းတွင် အာမခံယာဉ်အားတစ်ဖက်ယာဉ်မှ အနောက်ကဝင်တိုက်မှုဖြစ်ပွားခဲ့ပါသည်။ ထိုဖြစ်စဉ်တွင်တစ်ဖက်ကားနှင့်လျော်ကြေးတောင်းခံခြင်းကိုကာကွယ်မှ ဆောင်ရွက်ပေးခဲ့ပြီး တစ်ဖက်ကားမှ ပြင်ဆင်မှုကုန်ကျစရိတ် ၃ သိန်းအလျော်ရခဲ့ပါသည်။

အင်ကြင်းလမ်း၊ ‌ပေါင်းကူးဉာဏရပ်ကွက်၊ မင်္ဂလာဒုံ၊ ပုလဲမြိုု့သစ်တွင် ကားရပ်ထားစဉ်ဆိုင်ကယ်မှ အရှိန်မထိန်းနိုင်ဘဲ အာမခံယာဉ်အားဝင်တိုက်မှုဖြစ်ပွားခဲ့ပါသည်။ Customer ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအားလုံးကို ကာကွယ်ပါမှ ကိုယ်စားလှယ်အနေဖြင့်လွှဲပြောင်းဆောင်ရွက်ပေးခဲ့ပြီး လျော်ကြေးငွေ ၁၂ သိန်း ရရှိခဲ့ပါသည်။

15.2.2026 ရက်နေ့ ညနေ 2:00 ခန့်တွင် ဒလ၊ ဆယ်အိမ်တန်း ကားပါကင်တွင်ရပ်ထားပြီး ပြန်လာစဉ် ကားဘော်ဒီပိန်နေမှုဖြစ်ခဲ့ပါသည်။ ကားအနီးနားတွင် ရန်ဖြစ်ကြရင်းကား ကိုထိမိသည်ဟုသိရပါသည်။ ရဲစခန်းထောက်ခံစာမယူသောကြောင့် 70 % သာလျော်ကြေးရခဲ့ပါသည်။

မြောက်ဥက္ကလာပမြို့နယ်၊ ၂ စျေးတွင် ကားရပ်ထားပြီး စျေးသွားဝယ်နေစဥ် ပြန်လာတော့ ကားဘယ်တံခါးပါးခြမ်းနှင့် နောက်ဘယ်မီးသီးအက်နေပါသည်။ ထိုဖြစ်စဉ်တွင် ရဲစခန်းထောက်ခံစာလိုသောကြောင့် ကာကွယ်ပါမှ သွားရောက် တောင်းပေးခြင်းကိုဆောင်ရွက်ပေးခဲ့ပြီး ကားပြင်ဆင်ပြီးသည်အထိတာဝန်ယူဆောင်ရွက်ခဲ့ပါသည်။

9.3.2026 ရက်နေ့ ညနေ 6:00 ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ် ၊ လေးထောင့်ကန် ၊ ဇမ္ဗူရစ်လမ်း တွင် ကားနောက်ဆုတ်ရင်း ဓာတ်တိုင်ဖြင့်မတော်တဆထိမိခဲ့ပါသည်။ Insurance ဘက်ကို အကြောင်းကြားပြီး ကားပြင်ဆင်မှုအတွက် Workshop များရွေးချယ်ပေးခြင်း၊ Report Form များ ဖြည့်ခြင်းကို ကာကွယ်ပါမှ အစအဆုံး လုပ်ဆောင်ပေးခဲ့ပါသည်။

19.3.2026 ရက်နေ့၊ သာဓုကန်၊ စက်မှုဇုန်လမ်းပေါ် YBS 42 ဂိတ်တွင်ကားညအိပ်ထားရင်း မိုးလင်းတော့ ကားအနောက်မှန်တံခါး ကွဲနေပါသည်။ Claim Report တင်ခြင်း၊ workshop ဘောင်ချာများကိုကာကွယ်ပါမှ လျော်ကြေးရသည့်အထိဆောင်ရွက်ပေးခဲ့ပြီး 650000 ကုန်ကျခဲ့ရာ Insurance ဘက်မှအပြည့်လျော်ခဲ့ပါသည်။

25.3.2026 ရက်နေ့ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ စက်ဆန်းမြန်မာ့ဆိပ်ကမ်းအာဏာပိုင်အိမ်ရာဝန်းအတွင်း ညအိပ်ရပ်နားထားစဥ် မိုးလင်းတော့ကားညာကားဘီးနားဘန်ဘာ၌ အခြစ်ရာများတွေ့ရပါသည်။ ကာကွယ်ပါမှ Claim report တင်ခြင်းနှင့်ပြင်ဆင်မှုအတွက် Workshop များဆောင်ရွက်ပေးခဲ့ရာ ၄၅၀၀၀၀ ပြင်ဆင်ကုန်ကျခဲ့ပါသည်။

26.3.2026 ရက်နေ့ နေ့လည် 12:30 ခန့်တွင် အလုံမြို့နယ် စာတိုက်မှတ်တိုင်အနီး အာမခံယာဥ်သည်ပစ္စည်းပို့ရန်သွားနေစဥ် ကားအနောက်တံခါးပွင့်၍ ဆီတန်းစီနေသော Taxi ကားအား တံခါးဖြင့်တိုက်မိပြီးTaxi မှ ဘယ်ဘက်မှန်နှင့်‌ ဘေးဘယ်ဘန်ဘာ ထိခိုက်မိခဲ့ပါသည်။ ဖြစ်စဉ်နေရာသို့ ကာကွယ်ပါ Claim Team မှ ချက်ချင်းသွားရောက်ဖြေရှင်းပေးခဲ့ရာ တစ်ဖက်ကားပြုပြင်စရိတ် 300000 ပေးလျော်ပါသည်။

29.3.2026 ရက်နေ့၊ တိုက်ခန်းနား ကားညအိပ်ထားရင်း မနက်မိုးလင်းတော့ ကားပေါ်သစ်ကိုင်းကျနေပြီး ဖယ်လိုက်တော့ကားအမိုးမှာခြစ်ရာများထင်နေပါသည်။ Customer ဘက်မှ Claim လက်ခံရရှိသည်နှင့် Insurance Company ဘက်ကိုလိုအပ်သောစာရွက်စာတမ်းများလုပ်ဆောင်ပေးခြင်း၊ Claim Rpeort တင်ခြင်းများကို ဆောင်ရွက်ပေးခဲ့ရာ Insurance Authorize Workshop မှာဘဲပြင်ခဲ့ပြီး ၂၆၀၀၀၀ ပေးလျော်ခဲ့ပါသည်။

5.4.2026 ရက်နေ့ 01;15 PM ခန့်၊ သုဝဏ္ဏ၊ သင်္ဃန်းကျွန်း စရည်းပင်လမ်းမှအာမခံကားကအထွက် လမ်းပေါ်ရှိမောင်းနှင်လာသော Taxi နှင့်တိုက်မိခဲ့ပါသည်။ ကာကွယ်ပါမှ ဖြစ်စဉ်နေရာသို့သွားရောက်ဖြေရှင်းပေးခဲ့ရာ တစ်ဖက်ကားကို ၉ သိန်းလျော်ပေးခဲ့ပြီး အာမခံကားအတွက် ၉သိန်းခွဲအလျော်ရခဲ့ပါသည်။

ပျဥ်းမနားမြို့၊ ပန်းခင်းလမ်း၊ Top Star ဆိုင်ရှေ့တွင် အာမခံယာဥ်အား Third Party ကားကဝင်တိုက်ခဲ့ပါသည်။ တစ်ဖက်ကားဘက်မှ ကုန်ကျစရိတ် 3800000 လျော်ကြေးရခဲ့ပါသည်။ တစ်ဖက်ကားစီမှ လျော်ကြေးတောင်းခံခဲ့ရာ သိန်း ၄၀ ရရှိခဲ့ပြီး ပြင်ဆင်ပြီး ကုန်ကျစရိတ် ၃၈ သိန်း ကုန်ကျခဲ့ပါသည်။

လှိုင်သာယာ၊ ဖွံ့ဖြိုးအောင်အိမ်ရာထဲကားညအိပ်ရပ်ထားစဥ် မိုးလင်းတော့ကားမှာပွန်းရာပဲ့ရာများတွေ့ရပါသည်။ A Insurance ဘက်က Authorize Workshop မှာဘဲပြင်ခဲ့ပါသည်။ထိုဖြစ်စဉ်တွင် ရဲထောက်ခံစာကို Customer ကိုယ်စား ရဲစခန်းသွားဆောင်ရွက်ပေးခဲ့ရာ လျော်ကြေးငွေ ၂၅၀၀၀၀ ရရှိခဲ့ပါသည်။

ကမ္ဘာအေးဘုရားလမ်းမှ ပြည်လမ်း‌ပေါ်သို့အကွေ့ ရှစ်မိုင်၊ ရွှေဘဲဆိင်မှ ရုတ်တရက်ထွက်လာသောကားလေးကိုရှောင်ရင်း ကုန်းကျော်တံတားဘောင်နှင့်တိုက်မိခဲ့ပါသည်။ ကာကွယ်ပါမှ Claim ရရှိသည်နှင့် Claim Report တင်ခြင်းကစ၍ လျော်ကြေးငွေပြန်လည်ရရှိသည့်အထိ ကိုယ်စားဆောင်ရွက်ပေးခဲ့ရာလျော်ကြေး ၂၉ သိန်းပြန်လည်ရရှိခဲ့ပါသည်။